Thursday, August 15, 2013

သူငယ်ချင်းဆုပြည့်အတွက်အမှတ်တရစကား

သူငယ်ချင်း  

နေကောင်းပါစေနော်လို့ ဆုတောင်းလိုက်ပါတယ်။ အစစအရာရာအားလုံးဆုတောင်းလိုက်ပါတယ်။ 

ဆုပြည့်နဲ့ချမ်းမြေ့နဲ့တွေ့တာအရင်ဘ၀တွေကရေစက်ရှိလို့အခုဘ၀မှာလာတွေ့ရတာနော်...ဟုတ်တယ်ဟုတ်။

ဆုပြည့်နဲ့တွေတဲ့အချိန်ဆို ဆုပြည့်ကိုအမြဲတမ်းပျော်ရွှင်အောင်ထားချင်တယ်..........

ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းအရင်းတစ်ယောက်လိုသတ်မှတ်ထားလို့လေ.အပြင်မှာ အတူတူ ကျောင်းတက် အတူတူသွားလာနေဖြစ်တယ်ဆိုရင်ပြောတာပါ..........                            forever every day and every time my friend........... ဒီစာကို ဆုပြည့်လေ ချမ်းမြေ့ဓါတ်ပုံကို ပထမဦးဆုံးတွေ့တဲ့နေ့က ရေးလိုက်တယ် မယုံရင် Post တင်တဲ့အချိန်ကိုပြန်ကြည့်ကြည့်လိုက်နော်။

Wednesday, August 14, 2013

အမှတ်တရဓါတ်ပုံများ

အရိုးစူးခံပြီး ချစ်ပါ့မယ်

YTalk အသက် ၂၃ နှစ်အရွယ် Alice Miller ဆိုတဲ့ အမျိုးသမီးက သူ့ချစ်သူ အသက် ၂၄ နှစ်အရွယ် တွမ်ဆိုသူဟာ ကမ္ဘာ့အရှားပါးဆုံး ရောဂါတစ်ခုဖြစ် တဲ့ ခန္ဓာကိုယ်ရဲ့ အရေပြား အောက်မှာလုံးဝ အဆီမရှိတဲ့ ရောဂါဖြစ်နေပေ မယ့် သူ့အနေနဲ့ အချစ်မပျက်ပါဘူးလို့ ဆိုပါတယ်။ တွမ်ဟာ တစ် ကမ္ဘာလုံး မှာ ရှစ်ယောက်သာ ဖြစ်ပေါ်တယ်လို့ သိရတဲ့ အရေပြား အောက်မှာ အဆီမစုဆောင်း နိုင်တဲ့ ရောဂါကို အသက် ၁၂ နှစ်အရွယ်မှ စတင် ပြီး ခံစားခဲ့ရပါတယ်။ ခြေဖဝါးအောက်မှာလည်း လုံးဝမဆီ မရှိဘူးလို့ သိရပါတယ်။ သူ့မှာ ပျမ်းမျှ လူကြီးတစ်ယောက်မှာ ရှိရမယ့် ကြွက်သားထုရဲ့ ၄၀ ရာခိုင်နှုန်းသာ ရှိပြီး အကြားအာရုံလည်း မကောင်းဘူးလို့ ဆိုပါတယ်။ အမှန်မှာတော့ သူ ဟာ အဝလွန်တာနဲ့ ဆက်စပ်မှု ရှိတဲ့ အမျိုးအစား (၂) ဆီးချိုရောဂါကို ခံစားနေ ရသူပါ။ သူတို့ချစ်သူ နှစ်ဦးဟာ အွန်လိုင်းပေါ်မှာ ချက်တင်လုပ်ရာမှ အတွဲဖြစ်သွားကြ ပါတယ်။ ချစ်သူစုံတွဲဖြစ်စဉ်မှာ တွမ်ရဲ့ဓာတ်ပုံ ကို တွေ့မြင်ခဲ့ရပေမယ့် တကယ် တမ်း သူနဲ့တွေ့ဆုံတဲ့အခါမှာ အဲဒီလိုပုံပန်း သဏ္ဌာန်ဖြစ်မယ်လို့ မထင်မှတ်ခဲ့ဘူးလို့ အဲလစ် က ဆိုပါတယ်။ အဲလစ်အနေနဲ့ တွမ်နဲ့ ပထမဆုံး တွေ့တဲ့နေ့ကို မှတ်မိသေးတယ်လို့ ဆိုပါတယ်။ တွမ်ဟာ သူမထက်များစွာ အရပ်ရှည်နေပြီး ခြောက်ပေ ၃ လက်မရှိကာ ၆၆ ကီလိုမီတာ (၁၃၂ပေါင်)အလေးချိန်ရှိ တယ်လို့ သိရပါတယ်။ တွမ်နဲ့ စကားပြောရတာ အဆင်ပြေပြီး ချစ်သူ သက်တမ်း တစ်လျှောက်လုံးမှာလည်း တစ် ယောက်ပေါ် တစ်ယောက် နားလည် မှုတွေရှိကြ တယ်လို့ ဆိုပါတယ်။ တွမ်ဟာ မွေးကာစက ပုံမှန်အလေးချိန် ရှိခဲ့ပေမယ့် ဆယ်ကျော်သက် အရွယ်မှစတင်ပြီး သူရဲ့မျက်နှာနဲ့ ခြေ တံလက် တံမှ အဆီတွေအကုန်လုံး ပျောက်ဆုံးကုန်တယ် လို့ ဆိုပါတယ်။ ခြေဖဝါးအောက်မှာလည်းအဆီ မရှိတဲ့အတွက်ကြောင့် ခြေဖဝါးနာကျင်နေ တတ် ပြီး လိမ့်ကျရင်တောင်မှ အရိုးကျိုးနိုင်ခြေ မြင့် မားတဲ့အနေအထားပါ။ သူ့မှာ ဆီးချိုရောဂါနဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ ပြဿနာ ရှိနေတာ ကြောင့် အစားအစာကို ထိန်းချုပ်ပြီး စားသောက်နေရတယ် လို့ ဆိုပါတယ်။ ငယ်စဉ်ဘဝ ကတည်းကစပြီး အကြားအာရုံ တဖြည်းဖြည်း ကျဆင်းလာကာ ယခုအချိန်မှာ နားကြား ထောက်ကူကိရိယာ အသုံးပြုနေရ တယ်လို့ သိရပါတယ်။ တွမ် ဘယ်လိုပဲ ဖြစ်နေနေ ကျွန်မကတော့ ဆက်ချစ်နေပါ့မယ် လို့ အဲလစ်က ဆိုပါတယ်။ ဒေါက်တာခင်မိုးမိုး GOOD HEALTH