Thursday, May 3, 2012

USB StickထဲကData များကို ZawGyi Fonts ဖြင့် Virus ဖျက်ဆီးသည့်ရန်မှကာကွယ်နည်း…

ZawGyi Fonts ဖြင့် Virus ကာကွယ်နည်း ကိုသိသလောက်ပြောပြပေးချင်ပါတယ်.. သိပြီးသားဆိုသူများကလည်း ဒီထက်ကောင်းတဲ့နည်းလမ်းကိုပြောပြပေးကြပေါ့ဗျာ…ကဲ စမယ်နော်။ ကွန်ပျူတာနှင့်မကင်းသူတိုင်း USB Memory Stick များကိုအသုံးပြုသူတိုင်းကြုံဖူးကြပါလိမ့်မယ်..။ အချို့သော Virus များသည် USB Stick ထဲသို့ဝင်ရောက်ပြီးတာနဲ့ နဂိုမူရင်းရှိပီးသား Folder , Files တွေကို ဖျောက်ပစ် (Hidden) လုပ်ပစ်ကာ..ဖျောက်ပစ်ခြင်းခံရသော Folder , Files တို့ရဲ့ နာမည်ဆင် တူများကိုသာ ကွန်ပျူတာအသုံးပြုသူမြင်သာအောင် .exe အဖြစ်ပြောင်းလဲပြီး ပြထားတတ်ပါတယ်။ Folder Option ကပြန်ကြည့်မယ်ဆိုရင်တော့ မူရင်း မှိန်နေတဲ့ဖိုင်တွေကို မြင်ရမှာပါ..အဲဒီလိုပြန်ကြည့်စရာမလိုအောင်ကို ကာကွယ်နည်းကိုအခုပြောပြပါတော့မယ်။ ဥပမာ.. Recycler Virus, Shortcut to Virus,Chrome များသည် ၀င်ရောက်လာပြီဆိုတာနဲ့ နဂိုရှိရင်းဖိုင်များကို ဖျောက်ပစ်ကာ .. နာမည်တူ .exe ဖိုင်များကိုဖန်တီးပီး virus များကိုပွားများပါတော့တယ်..မြင်သာအောင် ပြောရမယ်ဆိုရင် မိမိရဲ့ USB Stick တွေထဲမယ် Photo , Audio , Video အစရှိသည့် Folder တွေရှိပီးသား ဆိုပါဆို့….အထက်ပါ Virus များဝင်ရောက်လာတာနဲ့ မူရင်း Photo , Audio , Video အဲဒါတွေကိုဖျောက်ပစ် ပြီး Photo.exe , Audio.exe , Video.exe ဆိုပြီးပြောင်းလဲပစ်တာပါ။ အသုံးပြုသူက မသိဘဲ ဖွင့်လိုက်မိတယ်ဆို ရင်တော့ သေပီဆရာပေါ့ဗျာ.. မူရင်းဖိုလ်ဒါတွေက ပျောက်ကုန်ပြီး..Virus ကဖန်တီးထားတဲ့ ဖိုလ်ဒါအတုတွေကိုဖွင့်မိမှတော့..Virus တွေပိုပြီးပွားများလာအောင် လုပ်ပေးလိုက်တာနဲ့အတူတူပါဘဲ။ ကဲဒီတော့ ကာကွယ်နည်းကို အခုစပြောပါတော့မယ်.. Folder တွေ Files တွေကို နာမည်ပေးရာမှာ English နာမည်တွေ ချည်းမပေးလိုက်ပါနဲ့..ZawGyiFonts လေးနဲ့ နာမည်တွဲပေးပါ။ ဥပမာ New Folder လို့ပေးမယ့်အစား… မောင်မောင်NewFolderမောင်မောင် ၊ လှNewFolderလှ၊ အဲသလို မြန်မာစာလုံးတွေနဲ့သာ တွဲပေးထားလိုက်ပါ။ ဘယ် Virus မှ ဖွက်မထား၊ဖျောက်မထားနိုင်တော့ပါဘူး..အဲဒါ မြန်မာစာရဲ့ကျေးဇူးပါ။ အောက်မှာ ကျွန်တော့်ရဲ့ USB Stick ထဲက ပုံတွေနဲ့နမူနာပြထားပါတယ်..လေ့လာကြည့်ပေါ့နော်..အားလုံးဘဲအဆင်ပြေကြပါစေ။ Winrar နဲ့ Folder ,Files တွေကို Zip လုပ်ထားရင်လဲ ဘယ်Virus မှဖွက်မထား။ ဖျက်မပစ်နိုင်ပါ။ ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.com/forum/topics/usb-stick-data-zawgyi-fonts-virus#ixzz1qPJpSiOm

No comments:

Post a Comment